CFP closed at  May 20, 2022 23:30 UTC
  (Local)

နှစ်စဥ် ပြုလုပ်နေကျ Google I/O ပွဲကို မကြာခင် ကျင်းပတော့မှာ ဖြစ်ပါတယ်။ Google ရဲ့ အစဥ်အလာအတိုင်း I/O ပွဲမှာ နည်းပညာအသစ်တွေနဲ့ ပြောင်းလဲလာမယ့် သူတို့ရဲ့ ecosystem တွေကို မိတ်ဆက်လေ့ရှိပါတယ်။  အခု Google I/O Extended ပွဲဟာ Google ရဲ့ local community ဖြစ်တဲ့ Google Developer Group Yangon (GDG Yangon) က ပြုလုပ်မယ့် Google အသိအမှတ်ပြု ပွဲဖြစ်ပါတယ်။ အခုလိုပွဲတွေဟာ community က နည်းပညာလေ့လာနေသူ အချင်းချင်း အသိပညာတွေ ဖလှယ်ဖို့ အခွင့်အရေးပဲဖြစ်ပါတယ်။ မိမိလေ့လာနေတာတွေကို ပြန်ပြီး sharing လုပ်ပေးချင်တဲ့သူတွေကို ဖိတ်ခေါ်ချင်ပါတယ်။

CFP Description

Speaker အနေနဲ့ ပါဝင်ချင်သူတွေ အနေနဲ့ အခုပွဲရဲ့ အဓိကရည်ရွယ်ချက်ကို ပြောပြချင်ပါတယ်။ Google I/O 2022 ပြီးသွားတဲ့အခါ ပြောင်းလဲလာမယ့် နည်းပညာတွေကို အဓိကရည်ရွယ်တာဖြစ်တဲ့အတွက် Google I/O ကို တက်ရောက်ထားဖို့ လိုအပ်ပါလိမ့်မယ်။ Google I/O ပွဲက လာမယ့် မေလ ၁၁၊ ၁၂ တွင် ပြုလုပ်မှာဖြစ်ပြီး ဒီမှာ သွားကြည့်လို့ရပါတယ်။ မိမိလုပ်ငန်းခွင်မှာ အသုံးပြုနေတာဖြစ်စေ၊ လေ့လာနေတာဖြစ်စေ ဆက်စပ်တာရှိလဲ ကြိုဆိုပါတယ်။ လူဟောင်း၊ လူသစ်ဆိုပြီး မဟုတ်ပဲ မိမိ လေ့လာထားသလောက် ဝေမျှပေးချင်သူတွေအားလုံးကို ကြိုဆိုပါတယ်။

Attendees (1)